IU Health လူမှုအသိုင်းအဝိုင်း၏ သဘောတူညီချက်။
IU Health Community Agreement | El acuerdo comunitario de IU Health | اتفاقية مجتمع IU Health | IU Harhdamnak Pawlkom Lungkim Tlangnak | Akò Kominote IU Health la | IU Health Mibu Hnatlaknak | Amasezerano y’umuryango mugari wa IU Health | د IU Health د ټولنې هوکړه لیک | IU Health ਭਾਈਚਾਰਾ ਇਕਰਾਰਨਾਮਾ | Makubaliano ya Jumuiya ya IU Health
IU Health တွင် ကျွန်ုပ်တို့သည် တဦးပေါ်တဦး အမြဲတမ်းဂရုစိုက်ပြီး လူတိုင်းအတွက် အသိအမှတ်ပြုမှု နှင့် တန်ဖိုးထားမှု ရှိသည်ကို သေချာစေသည်။ လူနာများ၊ ဆေးကုသရေးအဖွဲ့ဝင်များ၊ အလည်လာသူများ၊ နှင့် ဝန်ဆောင်မှုပေးသူများ အားလုံးအနေနှင့် IU Health လူမှုအသိုင်းအ၀ိုင်း၏ သဘောတူညီချက်ကို လိုက်နာစေချင်သည်။ ဤသဘောတူညီချက်သည် IU Health အဆောက်အအုံများတွင် ရှိနေချိန် နှင့်/သို့မဟုတ် IU Health မှ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးသောအချိန်တွင် ကျွန်ုပ်တို့ တဦးပေါ်တဦး မည်သို့ ဆက်ဆံသင့်သည်ကို လမ်းညွှန်ချက်တရပ် ဖြစ်စေသည်။
IU Health လူမှုအသိုင်းအဝိုင်း၏ သဘောတူညီချက်။
IU Health ၌ လူနာ၊ ကုသမှုပေးသူအဖွဲ့ဝင်၊ အလည်လာသူ နှင့်/သို့မဟုတ် ဝန်ဆောင်မှုပေးသူ အနေနှင့် အောက်ပါတို့ကို ပေးအပ်ပြီး အလားတူတုံ့ပြန်မှုကို လက်ခံရရှိမည်။
· မှန်ကန်သော စကားများ
· ဂရုစိုက်မှုနှင့်စိတ်ဝင်စားမှု
· အကြင်နာကရုဏာ
· ဂုဏ်သိက္ခာနှင့်လေးစားမှု
မိမိပြောဆိုသောစကားများ နှင့် မည်သို့ပြုမူသည်ကို မိမိအနေနှင့် တာဝန်ရှိသည်။ ဤသဘောတူညီချက်ကို မိမိအနေနှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက ထွက်ခွာသွားရန် နည်းလမ်းများအကြောင်းကို ဆွေးနွေးရန်အတွက် တဦးဦးမှလာရောက်တွေ့ဆုံပါလိမ့်မည်။